အချစ်ဆုံး အချစ်ဦး

"ငယ်စဉ်အခါက ဂင်ဟယ်ဂျင်းဆိုတဲ့ ကောင်မလေးကတော့ရုပ်ရည်ချောမောသလို စာလည်း တော်တဲ့အတွက် ကောင်လေးတွေရဲ့အရေးပေးခြင်းကိုခံရတဲ့သူလေးဖြစ်ပါတယ်.. တစ်နေ့မှာတော့ သူမတို့ အိမ်ဘေးကိုပြောင်းလာတဲ့ဝဝတုတ်တုတ်ကောင်လေး ဂျီဆောဂျွန်းနဲ့ သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ သူငယ်ချင်းမရှိခဲ့တဲ့ ဂျီဆောဂျွန်း အတွက် ဂင်ဟယ်ဂျင်းဟာတစ်ဦးတည်းသော သူငယ်ချင်းဖြစ်သလို အချစ်ဦး လည်းဖြစ်ခဲ့ပါတယ်.. ဒါပေမဲ့လည်း ကံတရားကသူမတို့ကို သူငယ်ချင်းကြာကြာဖြစ်ခွင့်မပေးခဲ့ပါဘူး.. ဂျီဆောဂျွန်း မိဘတွေနဲ့အတူအမေရိကကိုထွက်သွားခဲ့ရပါတယ်.. နှစ်ပေါင်းအတော်ကြာတဲ့အခါမှာ ဂျီဆောဂျွန်းဟာ အရမ်းကိုစမတ်ကျတဲ့ကောင်လေးအဖြစ်နဲဲ့ပြန်ရောက်လာခဲ့ပြီး သူရဲ့အချစ်ဦးဖြစ်တဲ့ ဂင်ဟယ်ဂျင်း ကိုပြန်ရှာခဲ့ပါတယ်.. အခုချိန်မှာတော့ ဂင်ဟယ်ဂျင်းကို ဂျီဆောဂျွန်း မမှတ်မိလောက်အောင်ပြောင်းလဲသွားခဲ့ပါတယ် .. ဂျီဆောဂျွန်းတို့မိသားစု အမေရိကထွက်သွားတဲ့အချိန်နောက်ပိုင်းမှာ ဂင်ဟယ်ဂျင်းရဲ့မိဘတွေဟာလည်းစီးပွားရေး ကျသွားခဲ့ပါတယ်.. အပြင်ပန်းရုပ်ရည်ဟာအဓိကမကျဘဲစိ တ်ဓာတ်သာအဓိကကျတယ်လို့ယူဆထားတဲ့ ဂင်ဟယ်ဂျင်း အတွက် သူမရဲ့ဖက်ရှင်မကျတဲ့အဝတ်အစားတွေရယ် မွေးရာပါဆံပင်ကောက်တွေဟာ သူမရဲ့အလှတရားကိုဖုံးကွယ် ထားသလိုဖြစ်နေပြီး အများရဲ့အမြင်မှာတော့ အရမ်းရုပ်ဆိုးတဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေပါပြီ.. ဒါကြောင့် အမေရိကကပြန်ရောက်လာတဲ့ ဂျီဆောဂျွန်းကတွေ့ဖို့ချိန်းတဲ့အချိန်မှာ ဂျီဆောဂျွန်းက ဂင်ဟယ်ဂျင်းကို မမှတ်မိခဲ့ ပါဘူး.. ဒါကြောင့်ပဲ ဂင်ဟယ်ဂျင်းဟာ သူမရဲ့သူငယ်ချင်းချောလေး မင်ဟာရီကို သူမကိုယ်စားတွေ့ပေးဖို့ အကူအညီ တောင်းခဲ့ပါတယ်.. မင်ဟာရီဟာ လည်းအရမ်းရိုးသားတဲ့ ဂျီဆောဂျွန်းကြောင့် သူမကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ ကောင်လေးကိုချစ်မိသွားခဲ့ပါတယ်.. တစ်ချိန်တည်းမှာပဲ ဂင်ဟယ်ဂျင်းရဲ့ အရမ်းလှပတဲ့စိတ်ထားကြောင့် လုပ်ဖော်ကိုင်ဘက်ဖြစ်တဲ့ ဂင်ရှင်းဟော့ဟာလည်း ဂင်ဟယ်ဂျင်းကို သဘောကျသွားခဲ့ပါတယ်.. အချစ်ဦးတွေဖြစ်ကြတဲ့ ဂျီဆောဂျွန်းနဲ့ဂင်ဟယ်ဂျင်းဟာနောက်ဆုံးမှာ ပြန်လည်ဆုံဆည်းခွင့်ရမှာလား… မင်ဟာရီနဲ့ ဂင်ရှင်းဟော့တို့ကရော သူတို့ချစ်တဲ့သူတွေနဲ့ နောက်ဆုံးမှာပြန်လည်ပေါင်းဖက်နိုင်မှာလားဆိုတဲ့ သူတို့လေးယောက်ကြားက အချစ် ဇာတ်လမ်းလေးကို ဟာသဆန်ဆန်မြူးကြွတဲ့ဇာတ်ကွက်လေးတွေနဲ့ခံစားရမှာပဲဖြစ်ပါတယ်။ "

Episodes