မေတ္တာရှင်ဘုရင်မ ဆွန်းဒေါ့

"ဒီဇာတ်လမ်းတွဲသည် ဧကရာဇ်ဂျင်းဟွန်းလက်ထက်မှ ဘုရင်မဆွန်းဒေါ့လက်ထက်အထိကို အခြေပြုတင်ဆက် ပုံဖော်ထားသည့် သမိုင်းကြောင်းဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒေါ့မန်းသည် ဘုရင်ဂျင်းဖြောင်းနှင့်မိဖုရားမာယာတို့မှမွေးဖွားခဲ့ပြီး အမြွာမင်းသမီးတစ်ပါး ဖြစ်ပေမယ့် ဟောကိန်း တစ်ခုကြောင့် ဒေါ့မန်းကိုနန်းပြင်သို့ နန်းတွင်းသူဆိုဟွာနှင့်အတူ စွန့်ပစ်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ဆိုဟွာက ဒေါ့မန်းကို သူ့ကလေးလိုမွေးစားခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ဒေါ့မန်းဟာ သူ့ဘဝသရုပ်မှန်ကို သိလာပါ တော့တယ်။ ထို့နောက်နန်းတွင်းသို့ ပြန်ဝင်ကာ မိမိထံမှအရာအားလုံးကိုလုယူကာ တိုင်းပြည်ကိုစိတ်တိုင်းကျ ခြယ်လှယ်နေသော မိဖုရားမီရှီကို အစ်မတော်ဖြစ်သူချွန်းမြောင်နှင့်ပူးပေါင်းပြီး တိုင်းပြည်ကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီလိုကြိုးစားမှုကနေ ဘယ်လိုအခက်အခဲဒုက္ခတွေဆက်ဖြစ်လာမလဲ အခက်အခဲများကြားမှာ ဘာတွေပေးဆပ် ခဲ့ရလဲဆိုတာကို ရှုမြင်ခံစားရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲသည် ချောမောလှပထက်မြက်သည့် ဘုရင်မဆွန်းဒေါ့အကြောင်းကိုခမ်းနားစွာတင်ဆက်ထားပြီး ရှီလာခေတ်ကို မျက်ဝါးထင်ထင်တွေ့မြင်လာ စေမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။"

Episodes